အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံ နက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 06,2022
ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ယားပင်းကျေးရွာတွင် တောင်သူဦးညိုလင်းမှ ခရမ်းချဉ် (လိုရာ ၉၀၉)မျိုးကို အပင်အရေအတွက်(၇၀၀၀) စိုက်ပျိုးခဲ့ရာ အသီးများ ဆွတ်ခူးရောင်းချချိန်တွင် တစ် ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၂၅၀)ကျပ် ဖောက်သည်ဈေးဖြင့် ရောင်းချနေရသဖြင့် မိသားစုဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Jan 06,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများထံ အခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်းခြင်း အစီအစဉ်အား တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့် ကျောင်းနှင့် ဂေဟာ တို့အား ဆန်၊ ဆီ နှင့် ပဲ များကို ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သည့် အသက်(၁၈)နှစ်မှ အသက်(၆၀)အတွင်းရှိ  ရဟန်းရှင် လူပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။