သံဖြူဇရပ် ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပုဂ္ဂလိကမူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်၍ ယမန်နေ့ ၁၀ နာရီခွဲက Kinder Garden Pre-School (အကြင်နာ ဥယျာဉ်မူကြို)တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင် Corner ပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပ ပြင်ဆင်ထားရှိမှု သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများ ထားရှိမှု ရှိ/မရှိ၊ အဆောက်အဦ အခြေအနေ၊ ဆရာမများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး၊ နှစ်ကိုင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ် သင်ကြားရာတွင်၊ သင်ကြားချိန်အား တစ်ပတ်(၅)ရက်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ ရက်များတွင် နံနက် ၉နာရီခွဲ မှ ညနေ ၃နာရီခွဲအထိ သင်ကြား ပေးပြီး ကျောင်းသား/သူ(၃၀)ဦး တက်ရောက် သင်ကြားနေကြောင်း သိရသည်။
အေးအေးမွန် (ပြန်/ဆက်)