ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ (၂၁၆၉) ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယတွင် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆီထွက်သီးနှံမျိုးစုံ (၆၆၃၈) ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၂၁၉၆) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြေပဲသီးနှံများကို သင်းဒီးဆည်ရေဖြင့်(၉)ဧက၊ စမာဆည်ရေဖြင့်(၆၉)ဧက၊ နှမ်းသီးနှံ များကို သင်းတွဲဆည်ရေဖြင့် (၂၄၁) ဧက၊ သင်းဒီးဆည်ရေဖြင့် (၇၄၀) ဧက၊ စမာဆည်ရေဖြင့် (၆၄၁) ဧက၊ နေကြာသီးနှံများကို သင်းတွဲဆည်ရေဖြင့်(၆၆)ဧက၊ သင်းဒီးဆည် ရေဖြင့် (၁၀၆) ဧက၊ စမာဆည်ရေဖြင့်(၂၉၇) ဧက၊ စုစုပေါင်း (၂၁၆၉)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။

မြေပဲသီးနှံများစိုက်ပျိုးရာတွင် သင်းတွဲဆည်ရေဖြင့်(၁၆၂)ဧက၊ သင်းဒီးဆည်ရေဖြင့်(၂၀)ဧက၊ စမာ ဆည်ရေဖြင့် (၉၈) ဧက၊ နှစ်သီးနှံများကို မင်းရဲဆည်ရေဖြင့်(၈၀)ဧက၊ သင်းတွဲဆည်ရေဖြင့်(၉၅၂)ဧက၊ သင်းဒီး ဆည်ရေဖြင့် (၁၅၀၀) ဧက၊ ထုံးကြီးဆည်ရေဖြင့် (၂၅) ဧက၊ စမာဆည်ရေဖြင့် (၁၅၀၀) ဧက၊ နေကြာသီးနှံများကို သင်းတွဲဆည်ရေဖြင့် (၁၃၀၄) ဧက၊ သင်းဒီးဆည်ရေဖြင့် (၁၇၃၀)ဧက၊ ထုံးကြီးဆည်ရေဖြင့် (၂၅)ဧက၊ စမာဆည်ရေဖြင့် (၂၃၄၀)ဧက၊ တမုတ်ဆည်ရေဖြင့်(၄၅)ဧက၊ စုစုပေါင်း(၆၆၃၈)ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)