အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန် ယနေ့နံနက်ပိုင်း အချိ်နက အမှတ်(၃) ဈေးရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့သည်။
Jan 06,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရာသီမရွေးစိုက်ပျိူးနိုင်သော စျေးကွက်ဝင် ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron) ရောဂါ ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ Community Centre ခန်းမတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး (Defeat Malaria) စီမံချက်အကြောင်း သိကောင်းစရာ (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း (ဂွမြို့) တို့ပူးပေါင်း၍ ယနေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
Jan 06,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံး၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ၅၀ ရာခိုင်နှုန်းကျော်ပြီဖြစ်ကြောင်း သိရသည်။
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ခု (၆)လ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ချက်ကျေးရွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် လူထုအခြေပြု လေ့လာမှု့စခန်း၌ ဇန်နဝါရီ ၆ ရက်နေ့နံနက် ၁၀ နာရီတွင် ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက် ဒေသခံတောင်သူများအတွက် ယူရီးယားဓါတ် မြေသြဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။