ပုဗ္ဗသီရိသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပ

ပုဗ္ဗသီရိ    ဇန်နဝါရီ  ၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံး၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသ တွင် လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၆) ကတ်ကို ကျည်တောင်ကန်အုပ်စု၊ ထုံးဘိုကျေးရွာမှ ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)