အုတ်တွင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ခု (၆)လ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ချက်ကျေးရွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တောင်ငူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများကို တာဝန်ရှိသူများ အသီးသီး ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းကာလ (၁၅)ရက်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ