ကျောက်ဖြူ ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron) ရောဂါ ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ် မှုများပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ နေအိမ်ပြင်ပသို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများဖြစ်ပွား လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန် စသည့် လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာ များသို့သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း