အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

 

 အမ်း   ဇန်နဝါရီလ  ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန်  ယနေ့နံနက်ပိုင်း အချိ်နက အမှတ်(၃) ဈေးရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကူးစက်နိုင်မှု အခြေအနေနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏစနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း လက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ပြသကြရန်လိုအပ်ကြောင်း ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးနိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

စိုးမင်းထွန်း