ဂွမြို့ Community Centre ခန်းမတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး (Defeat Malaria) စီမံချက်အကြောင်း သိကောင်းစရာ (Talk Show) ကျင်းပ

ဂွ   ဇန်နဝါရီ   

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ Community Centre ခန်းမတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး (Defeat Malaria) စီမံချက်အကြောင်း သိကောင်းစရာ (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း (ဂွမြို့) တို့ပူးပေါင်း၍ ယနေ့ညနေ ()နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ဂွမြို့နယ်အနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး (Defeat Malaria) စီမံချက်အရ အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအကြောင်း  သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ရွှေရည်ဝင်းကျော်၏ မေးမြန်းဆွေးနွေးချက်အပေါ် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (ဂွမြို့) မှ စီမံချက်တာဝန်ခံ ဒေါ်ခင်တင့်မေ က ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်စတင်ခဲ့မှုများ၊ ကျေးရွာများသို့ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ကျေးရွာ volunteers များ၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှုများ၊ စီမံချက်ကာလအတွင်း ထောက်ပံ့ပေးအပ်မှုများနှင့် ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်