ကျောက်ကြီး၊ ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုလေ့လာမှု့စခန်း၌ ဇန်နဝါရီ ၆ ရက်နေ့နံနက် ၁၀ နာရီတွင် ဆောင်းသီးနှံ နေကြာနှင့် နွေစပါးစိုက် ဒေသခံတောင်သူများအတွက် ယူရီးယားဓါတ် မြေသြဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဓါတ်မြေသြဇာရောင်းချပေးသော အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်လင်းထွန်းတက်ရောက်၍ မိမိမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက်ပျိုးမှု့တွင် ဓါတ်မြေသြဇာ အခက်အခဲများမဖြစ်ပေါ်စေရန် ပြင်ပစျေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက် ထားပေးကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်က ဒေသခံတောင်သူများအတွက် အကုန်ကျသက်သာစေမည့် သဘာဝမြေသြဇာနှင့် ယခုစျေး နှုန်းသက်သာစွာ ရောင်းချပေးသော ယူရီးယားဓါတ်မြေသြဇာများကို အချိုးညီစနစ်တကျ အကျိုးရှိလွယ်ကူစွာရောစပ်သုံးစွဲ တတ်စေရန် ရှင်းလင်းပြောကြား၍ ကွင်းဝန်ထမ်းများမှ သဘာဝမြေသြဇာ အီးအမ်ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းများကို တောင်သူများထံကွင်းဆင်းနည်းပညာပေးကူညီဆောင် ရွက်ပေး သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက် ဒေသခံတောင်သူများအတွက် လိုအပ်နေသော ယူရီးယားဓါတ်မြေသြဇာ စုစုပေါင်း(၁၅၇.၅၀)အိတ်အား တစ်အိတ် လျှင်(၃၂,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်ကြီး မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများတက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်