အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်များတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်း ညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စဉ်ဆက် မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 07,2022
ရန်ကုန်အနာက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကမာရွတ် မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၂)အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ အစီအစဥ်ဖြင့် တောင်သူများအား ယူရီးယားမြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒေါဝါးကျေးရွာတွင် ကျင်းပခဲ့သည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    
Jan 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုး စုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူ(၅၆၅)ဦးအား ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ယနေ့နံနက် (၉)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ သို့အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။