ဘားအံ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေ စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂၄.၆၂၀၀) သန်းဖြင့် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ကြာအင်းတောင်တက်လမ်းတွင် (အပိုင်း-၃) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၆၆၆)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဘားအံမြို့ စည်ပင် သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းမှ အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။အဆိုပါလုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝ၊ သွားရေး လာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အတွက်အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)