မန္တလေး ဇန်နဝါရီ ၇
မန္တလေးခရိုင် (Community Centre) တွင် Book Club နှင့်စာကြည့်တိုက်အသင်းဝင်များပူးပေါင်း၍ ဒေါက်တာကျော်စိန်ရေးသားသော ယဉ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့ စာအုပ်အား ဖတ်ရှုဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေဝါသနာရှင်များက တောင်းပန်စကားဆိုခြင်း၊ ချီးကျူးစကားပြောဆိုခြင်း၊ လူကြီးပြောသည်ကို နားထောင်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ကျေးဇူးတင်စာရေးသားခြင်း ၊လက် ကိုင်ဖုန်းကို အသုံးပြုခြင်း၊ သန့်ရှင်းစွာအနိုင်ယူခြင်း၊ ထိုင်နေသူများရှေ့မှ ဖြတ်လျှောက်ခြင်း၊ ဇွန်းခက်ရင်းကို မှန်ကန်စွာ အသုံးပြုခြင်း၊ အခြားသူများအတွက် တံခါးဖွင့်ပေးခြင်း၊ သူ့စည်းကိုယ့် စည်းခွဲခြားသတ်မှတ်ခြင်း၊ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယဉ်ခြင်း၊ ရုပ်ပိုင်းသွင်ပြင်ကို ဂရုစိုက် ခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ စာကြည့်တိုက်အသင်းဝင်များ၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေး(ခရိုင်)