ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံမျိုးစုံ (၃၇၅၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
နွေသီးနှံမျိုးစုံစိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲစိုက်ပျိုးရေပေးမြောင်းတွင်(၂၉၃၁) ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်းတွင် (၆၇၀၇)ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းတွင် (၃၁၀၀)ဧက၊ နွားတက် စိုက်ပျိုးရေပေးမြောင်းတွင် (၁၅၀၄၁)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်းတွင် (၄၆၁၂)ဧက၊ အထက်လင်းဇင်း စိုက်ပျိုးရေပေးမြောင်းတွင် (၆၅၀)ဧက၊ ကင်းတားဆည်ရေသောက်စနစ်၊ သင်းဒီးစိုက်ပျိုးရေပေးမြောင်းတွင် (၄၇၅၉)ဧက စုစုပေါင်း (၃၇၈၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ နွေးသီးနှံများစိုက်ပျိုးရာတွင် သီးနှံများအောင်မြင်သည်အထိ ရေပေးဝေနိုင်ရေးနှင့် ရေအလေအလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေသွား မည် ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)