အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအုပ်စုအချို့တွင် နေထိုင်ကြသော ဒေသခံအခြေခံလူတန်းစားများမှ ဒေသထွက် သဘာဝတံမြက်စည်းများကို ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ် ကွက်များရှိ လူစည်ကားရာ နေရာများသို့
Jan 07,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၄၁)ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ခဲ့ကြသည်။
Jan 07,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန်အတွက် ရပ်ကွက်များအတွင်းအသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 07,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် သင်ယူ တက်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1(သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်နေ့မှ ၇)ရက်နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန် တစ်ချိန်(၄၅)မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းအလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့(တတိယနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။