ဒေးဒရဲ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက “လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယဦးစီးမှူးရုံးက ဒုတိယလဝကမှူး ဦးစိုင်းအောင်အေးလှိုင် ဦးဆောင်သောအဖွဲ့က ကျုံဒါတ်ကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၈၂)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ(၁၉၉)ဦး၊ အသက်(၁၀)နှစ်မှ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ(၂၀)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်/ပျက် မိတ္တူ(၈၃)ဦးနှင့် အိမ်ထောင်စုစာရင်းမရှိသူ (၇၅)စုတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။
အေဇာလင်း(ပြန်/ဆက်)