မကွေးမြို့၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အချိန်မီလာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်

 

မကွေး   ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း   အသက်၁၈နှစ် အထက် ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု ကျန်ရှိမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ်  အိုမီခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ ရေးကော်မတီ၏  ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်းအဖွဲ့က မကွေးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး   အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့  အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်းနိုင်ငံအရေအတွက်  ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ် သည်မူလ ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း လက်ရှိကာကွယ်ဆေး များ၏ထိရောက်မှု လျော့ကျနိုင်ခြင်း၊  ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့် အညီတိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင် သမျှပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် စသည့်အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။

ကိုစည်သူ