မိုင်းဖြတ်၌ အ.ထ.က(မိုင်းဖြတ်)ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ်၊ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည့် အထက(မိုင်းဖြတ်)၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေ အနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးညီညီအောင် နှင့် ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန် ရှိသူများက အထက(မိုင်းဖြတ်) ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်း အခြေအနေများကို လိုက်လံ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းအိမ်ယာကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် တော်ဝင်မိုင်းဖြတ်နဂါး ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခွင့်ပြရန်ပုံငွေ (၂၁၆ ဒဿမ ၀၀၀)သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  ခွင့်ပြုရန်ပုံငွေ(၉၇ ဒဿမ ၂၀၀)သန်းဖြင့် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ (RCC) (၆)ခန်းတွဲ နှစ်ထပ်အမျိုးအစားဖြစ်ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လုပ်ငန်း ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)