Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinnovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျှက်ရှိ
Jan 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်း ဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံဆောင် ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင…
Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် သုံးဘီး မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာနှင့် သာစည် မြို့နယ်များတွင် ရောင်စုံမေမြို့ပန်းများကို တပိုင်တနိုင်စိုက်ပျိုးရောင်းချလျက်ရှိ
Jan 10,2022
မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ ၊ ရွာသာအေး ကျေးရွာများနှင့် သာစည်မြို့နယ်ရွှေလှံ၊ ညောင်အိုင်၊ မ္ဘားမြင့်ကျေးရွာများတွင် ရောင်စုံမေမြို့ပန်းများကို ဒေသခံများက တပိုင်တနိုင်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၅/ ၂၀၂၂) ဖွင့်ပွဲကျင်းပ
Jan 10,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ပြီး ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၅/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဦးဘုန်း (ဓာတု)ရေးသားသည့် လူငယ်နှင့်ဘ၀ရည်မှန်းချက်ပန်းတိုင် စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း (၃) ယောက် တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ် အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလားအမျိုးသားအလွတ်တန်း (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့၌ ကျောင်းအပ်နှံရေး အသိပေးဆော်ဩခြင်းဆောင်ရွက်
Jan 10,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းအပ်နှံရေး အသိပေးဆော်ဩဆောင်ရွက်ခြင်း၊ ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အမျိုးသမီးစက်ချုပ် သင်တန်းအခမဲ့ ဆက်လက် သင်ကြားပေး
Jan 10,2022
နည်းပညာနှင့် အတတ်ပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝ ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦတွင် ယနေ့ နံနက်ပိုင်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအမျိုး သမီးစက်ချုပ် သင်တန်း အခမဲ့ ဆက်လက် သင်ကြားပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23110
Page
23111
Page
23112
Page
23113
Current page
23114
Page
23115
Page
23116
Page
23117
Page
23118
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department