သဲကုန်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် သုံးဘီး မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့်ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်