သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဦးဘုန်း (ဓာတု)ရေးသားသည့် လူငယ်နှင့်ဘ၀ရည်မှန်းချက်ပန်းတိုင် စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား ပြီး(Book Club)အဖွဲ့၀င် ဒေါ်သီသီအေးက လူငယ်နှင့်ဘ၀ရည်မှန်းချက်ပန်းတိုင်၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့၀င် ဒေါ်ဖြိုးညိုသွင်က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့၀င် ဦးကြည်လွင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်ရသာများနှင့် လေ့လာမှတ်သား စရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခြင်းသည် စာရေးဆရာများ၏ အတွေ့အကြုံများ၊ လက်တွေ့အသုံးချပညာရပ်များနှင့် အသိပညာဖွံဖြိုးတိုးတက်မှုတို့ကို လူငယ်/လူရွယ်များသို့ ပညာချပြဆွေးနွေးခြင်းဖြစ်ပြီး စာဖတ်ခြင်းအကျိုးကျေးဇူး အများအပြားရရှိ၍ စာဖတ်နှုန်းတိုးစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အေးနွယ်ဝင်း