ရွှေတောင် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ် အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလားအမျိုးသားအလွတ်တန်း (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် ယွန်းတန်းရပ်ကွက် အသင်းနှင့်သရက်တောရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယွန်းတန်းအသင်းမှ သရက်တော ရပ်ကွက်အသင်းအား နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဆုရပြေးခုန်ပစ်အားကစားသမားအား ဆုများအသီးသီးဆုများချီးမြှင့်ခဲ့ပြီး ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း (၃) ယောက် တွဲပိုက်ကျော်ခြင်းပြိုင်ပွဲပထမဆုရယွန်းတန်းအသင်းအား ဆုကြေးငွေ သုံးသိန်းကျပ် ဒုတိယရရှိသော သရက်တောအသင်းအား ဆုကြေးငွေ နှစ်သိန်းကျပ် တတိယရရှိသော နွားမယံအသင်းအား ဆုကြေးငွေ တစ်သိန်းကျပ်ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မှ ပထမရ ယွန်းတန်းအသင်းအား ဆုဖလား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း