အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 10,2022
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့မှ အရေးပေါ်ကူညီကယ်ဆယ်ခြင်း လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့၊ နံနက် (၆) နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မြေငလျင်​ဘေး ဇာတ်တိုက် လက်တွေ့လေ့ကျင့်ခြင်းများ ​ဆောင်ရွက်ခဲ့သည်။
Jan 10,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို  ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်မြို့ပေါ် ရပ်ကွက်/ကျေးရွာ များအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ ခင်ခင်ဦးတို့ ပူးပေါင်း၍ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 10,2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ် လှိုင်းတစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့၏ သမိုင်းဝင် ရှေးဟောင်းဘုရားတစ်ဆူဖြစ်သော ရွှေမုဌော မဟာစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးထား၍ ရဟန္တာအပါး (၅၀၀)တို့အား (၉၅)ကြိမ်မြောက် စတုမဓူဆေးဆွမ်းတော် ကပ်လှူပူဇော်ပွဲတော်ကြီးအား ပုသိမ်မြို့ ရွှေမုဌော မဟာစေတီတော်မြတ်ကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။