မုံရွာမြို့၌ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၅/ ၂၀၂၂) ဖွင့်ပွဲကျင်းပ

 

မုံရွာ ဇန်နဝါရီ  ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ပြီး  ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး  တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၅/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ မုံရွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးလှဝင်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုး က သင်တန်းဖွင့်လှစ် ပေးရခြင်းအကြောင်း နှင့် စပ်လျဉ်း ပြီး    အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင်  စစ်ကိုင်းတိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်း နည်းပြဆရာ ဒုတိယဦးစီးမှူး ဦးရဲထက်‌မောင် က ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်၊ ကွက်ကီး၊ လျှာ‌ပေါ်ဝဲ၊ နန်ကထိုင် စသည့် မုန့်အမျိုးပေါင်း(၁၅)မျိုး ပြုလုပ်ပုံများကို  စိတ်ပါ ဝင်စားသည့်   သင်တန်းသားသင်တန်းသူ (၂၀)ဦးအား   (၁၀.၁.၂၀၂၂) ရက်နေ့ မှ (၁၆.၁.၂၀၂၂)ရက်နေ့အထိ သင်တန်းကာလ(၇)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ် သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)