Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နောင်ချိုမြို့နယ်၌ ဘုရားစေတီ၊ ကျောင်း၊ မုခ်ဦး၊ တံတား၊ ရေတွင်းရေကန် သာသနဝတ္တကမြေ၊ မော်တော်ယာဉ်များ လှူဒါန်းမှုအတွက် ရေစက်ချမင်္ဂလာ ကျင်းပ
Jan 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်ရှိ ကျောက်ဂူဇေယျသုခ သီလရှင် စာသင်တိုက်၌ တောင်ရပ်ကွက်နေ အလှူရှင်ဒါယိကာကြီး ဦးကြည်လင်း + အလှူဒါယိကာ ဒေါ်ခိုင်ခိုင်ဦး မိသားစုတို့မှ ဘုးရာစေတီ၊ ကျောင်း၊ မုခ်ဦး၊ တံတိုင်း၊ ရေတွင်းရေကန်၊ သာသနဝတ္တကမြေ၊ မော်တော်ယာဉ်များ လှူဒါန်းမှု တို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ
Jan 10,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေ ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင်အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက်ဓမ္မာရုံ၊ သခင်ဘသောင်းရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက် ဓမ္မာရုံတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ် (၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမကြီးဘေးတွင် ကျူးကျော်စျေးဆိုင်များ ရောင်းချမှုမရှိရေး၊ လယ်ယာမြေများပေါ်တွင် အဆောက်အဦးများ စည်းကမ်းမဲ့ ဆောက်လုပ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Jan 10,2022
မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ လမ်းနယ်အတွင်း ကျူးကျော်စျေးဆိုင်များ ရောင်းချခြင်းနှင့် လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ၊ အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင်နေမှုများအား ဇန်နဝါရီ ၈ ရက် နေ့လယ် ၁၂ နာရီတွင် မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်
Jan 10,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံဂုဏ် ဆောင် ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသား ဆေးထိုးအသစ်များအား first doses ထိုးနှံ…
Jan 10,2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား မိုးကောင်းမြို့တော်ခန်းမ၊ အ.ထ.က(နမ္မတီး)နှင့် ပင်းဘောကျေးရွာ ဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ ယနေ့နံနက် (၉)နာရီခွဲတွင် ကိုဗစ်ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်နှင့် ကျောင်းသားဆေးထိုးအသစ် (၁၁၈၆)ဦးအား first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23106
Page
23107
Page
23108
Page
23109
Current page
23110
Page
23111
Page
23112
Page
23113
Page
23114
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department