သုံးခွ ဇန်နဝါရီ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာ၀န်ပေး) ဒေါ်တင်တင်ထွေးက မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီကို ၂၀၂၀-ပြည့်နှစ် မေလ(၁၈)ရက်နေ့တွင် အဖွဲ့၀င်(၆)ဦးနှင့် ဖွဲ့စည်းထားပြီး ယခုအချိန်မှာတော့ ယခင်ဖွဲ့စည်းထားသော အဖွဲ၀င်များအနေဖြင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှာ ပြန်လည်ပါ၀င်ဆောင်ရွက်လိုခြင်း ရှိ/မရှိ အတည်ပြု မေးမြန်းခြင်း၊ ဆက်လက်ပါ၀င် ဆောင်ရွက်ပေးမည့် သူများကိုလည်း ဖိတ်ခေါ်ခြင်းနှင့် စိတ်ပါ၀င်စားသူများလည်း ပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်း သို့မှသာ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ယခုတက်ရောက်လာကြသောဥက္ကဋ္ဌနှင့် အဖွဲ့၀င်များမှ မိမိတို့ဆန္ဒသဘော ထားများကို တင်ပြပေးစေ လိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က မြို့နယ်ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် မိမိအနေဖြင့် ဆက်လက်ပါ၀င်ပေးသွားမှာဖြစ်ပါကြောင်းနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကိုယ့်မြို့နယ်မှာ စာပေဖတ်ရူ့သူဦးရေ တိုးပွားလာစေရေးနှင့် စာပေမှရရှိမည့် အသိပညာ ဗဟုသုတရများ ရရှိစေဖို့နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ယခုပြန်လည်ဖွဲ့စည်းမည့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှု ကော်မတီအဖွဲ့၀င်တွေအနေဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးစေလိုကြောင်း သို့မှသာ မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းကို စိတ်၀င်စားလာပြီး စာပေဖတ်ရူ့သူဦးရေ တိုးပွားလာမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများမှလည်း မိမိတို့၏ ဆန္ဒသဘောထားများ ကိုလည်း တင်ပြခဲ့သည်။
ယနေ့ဆောင်ရွက်ခဲ့သည့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲတွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များပြန်လည် ပါ၀င်ဆောင်ရွက်ခဲ့ကြပြီး ယခင်က အဖွဲ့၀င် (၆) ဦးဖြင့် ဖွဲ့စည်းခဲ့ရာ(၁)ဦးသာလျှင် နုတ်ထွက်ခဲ့ပြီးယခုပြန်လည် ဖွဲ့စည်းသည့် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီတွင်အဖွဲ့၀င် (၉) ဦးဖြင့် ပြန်လည် တိုးချဲ့ဖွဲ့စည်းခဲ့ရာဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေးမန်နေဂျာ (ငြိမ်း) ဦးဇော်ဝိတ်၊ အဖွဲ့၀င်များ ဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ ဦးသန်းလွင် (မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၀င်)၊ ဦးသိန်း၀င်း (ကြက်ခြေနီတပ်ခွဲမှူး)၊ ဦးကြည်စိုးလွင် (ပြန်/ဆက် ငြိမ်း)၊ ဦးလင်းနိုင်ထွန်း (စာပေချစ်မြတ်နိုးသူ) တို့မှ အဖွဲ့၀င်ဖြင့်ပါဝင်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာ၀န်ပေး) ဒေါတင်တင်ထွေး က အတွင်းရေးမှူးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်