အထက်မင်းလှ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးအတွက် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို မြို့ဝင်၊မြို့ထွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မင်းလှမြို့အဝင် ညောင်ပင်သာကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်နှင့် ဧရာဝတီတံတား (မလွန်)ဂိတ်တို့တွင် လုံခြုံရေး ဂိတ်များတွင် ခရီးသွား ပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဝင်/ထွက် သွားလာမှုတွင် လုံခြုံရေးအရ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် အမျိုးသား(၂)ဦး မောင်းနှင်စီးနင်းခြင်း မပြုရန်၊ အမျိုးသမီး မောင်းနှင်သည့် နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရန်တို့ကို အသိပေးထုတ်ပြန်ကြေငြာထားပြီးဖြစ်၍ လိုက်နာ ဆောင်ရွက်မှု မရှိသူများအား အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)