ဂန့်ဂေါ၌ နိုင်ငံ့ဝန်ထမ်းအိမ်ရာ သစ်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ဂန့်ဂေါ ဇန်နဝါရီ  ၁၁

ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် နိုင်ငံ့ဝန်ထမ်း အိမ်ရာဆောက်လုပ်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

တည်ဆောက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းအိမ်ရာသစ်မှာ ()ခန်းတွဲ ()ထပ် အမျိုးအစားဖြစ်ပြီး (၁၀၇ x ၆၀ x ၄၈.)ပေ  (RCC) အမျိုးအစားဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၈၈၀) သန်းဖြင့် ဘဏ္ဍာရေးနှစ်လွန် လုပ်ငန်းအဖြစ် တင်ဒါအောင်မြင်သော စံရာရိပ် ကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ ၅၀ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးဇင်ဇင်ဇော် ထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ (၁၁၉၀)သန်းဖြင့် တည်ဆောက်၍ ၂၀၂၀ ခုနှစ်မှစတင်၍ နိုင်ငံ့ဝန်ထမ်းများအား ငှားရမ်းထားပေးသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ()ခန်းတွဲ ()ထပ်တွင် ဝန်ထမ်းများ အေးချမ်းစွာ နေထိုင်ကြမှုအခြေအနေများ၊ ငှားရမ်းပေးထားသည့် အိမ်ခန်းများအား မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ သန့်ရှင်းစွာနေထိုင်ကြရန်၊ သန့်ရှင်းသာယာ လှပရေးနှင့် လုံခြုံရေးကော်မတီများတွင် ပါဝင်သည့် ဝန်ထမ်းများ ပြောင်းရွှေ့မှုရှိပါက အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေး တင်ပြကြရန်နှင့် ဝန်ထမ်းများပြောင်းရွှေ့သွားပါက ငှားရမ်းထားသည့် အိမ်ခန်းများကို စနစ်တကျ ပြန်လည်အပ်နှံကြရန် မှာကြား သွားကြောင်း သိရသည်။

တည်ဆောက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းအိမ်ရာသစ်မှာ ()ခန်းတွဲ ()ထပ် အမျိုးအစား ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းသည် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးပါက အခန်းပေါင်း(၄၀)ခန်းရရှိကာ နိုင်ငံ့ဝန်ထမ်းပေါင်း (၄၀)ဦးကို ငှားရမ်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)