မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ မြို့နယ်ခန်းမအသစ် ဖွင့်ပွဲအား တက်ရောက် ဖွင့်လှစ်

အထက်မင်းလှ ဇန်နဝါရီ ၁၁

ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ()ရက် နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ()နှစ်ပြည့်ကာလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ခန်းမအသစ်ဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ယနေ့ နံနက်() နာရီခွဲက တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာ စကားပြောကြားပြီး မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေး က မြို့နယ်ခန်းမအသစ် တည်ဆောက်ခဲ့မှု အခြေအနေအား ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်မှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများအား မြို့နယ် ခန်းမအသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ မြို့နယ်ခန်းမအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းသောက်သုံးရေဖူလုံမှုရရှိစေရန် အတွက် မြို့မတိုက်နယ် ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ဂါလံ(၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းနှင့် ရေစုကန် ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေစုကန်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)