ရွှေဘို၌ ပလပ်စတစ်အန္တရာယ်အကြောင်း ဟောပြောပွဲပြုလုပ်

ရွှေဘို ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ ရွှေဘိုခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ပလပ်စတစ် အန္တရာယ်အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးခြင်းကို ရွှေဘိုခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင် က ပလတ်စတစ်၊ ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှု အခြေအနေများ၊ ပလတ်စ တစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နည်းလမ်းများ စသည့် ခေါင်းစဉ်များကို ပရော်ဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ အသိပညာ တိုးပွားစေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ကျောင်းစာကြည့်တိုက်အတွက် သဘာဝပတ်ဝန်ကျင်ဆိုင်ရာ စာအုပ်များလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲကျင်းပပေးသည့်အတွက် ကျေးဇူးတင်ကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသက် က ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)