ခေါဇာ ဇန်နဝါရီ ၁၁
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက တိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) အိုမီခလွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာနေ ထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ခွာပါကနှာခေါင်းစည်း (Mask) ကို သေချာစွာ တပ်ဆင်ကြရန်၊ လက်ကိုသေချာစွာဆေးကြောကြရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းများကို မဖြစ်မနေလိုက်နာကြရန်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ စာရင်းပေးသွင်းပြီး အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှု ခံယူကြရန်စသည့် အချက် များကို မွန်မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခေါဇာ(ပြန်/ဆက်)