မုဒုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် ယမန်နေ့က မြို့နယ်နေပြည်သူများတို့မှ အလှူငွေများ လာရောက် လှူဒါန်းသည်။
လှူဒါန်းရာတွင် မုဒုံမြို့နယ်နေ ဒေါ်သိန်းကျင် မိသားစုမှ မုဒုံမြို့ပြည်သူ့ဆေးရုံ၊ ကျောက်ကပ် ဆေးဌာနအတွက် မီးစက်ဝယ်ယူနိုင်ရန် မတည်အလှူငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ ဒေါက်တာမြင့်မြင့်လွင်မှ မုဒုံဆေးရုံဝင်းအတွင်း၌ အသစ်ဆောက်လုပ်လျက်ရှိသည့် Isolation Ward တွင် အဲလ်ကွန်းတပ်ဆင်နိုင်ရန်အတွက် အလှူငွေကျပ် (၁၀)သိန်းကို လည်ကောင်း အသီးသီး လာရောက်လှူဒါန်းခဲ့ရာ မုဒုံမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးနိုင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)