ဆီဆိုင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းဖွင့်ပွဲကို နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက် ကျေးရွာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းတွင် ပို့ချမည့်အကြောင်းအရာများနှင့် သင်တန်းသားများအား အမှာစကား ပြောကြားသည်။
ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ( ၂ ဒသမ ၀ )သန်း အသုံးပြု၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းကို ပင်စုံကျေးရွာအုပ်စုနှင့် နောင်ကျော ကျေးရွာအုပ်စု အတွင်းရှိကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးဖြင့် ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဖွင့်လှစ် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်