မအူပင် (တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

မအူပင်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် မအူပင်မြို့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပံ့ပိုးကူညီလှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ဆောင်ရွက်သည်။

လှူဒါန်းပွဲတွင် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ အထွေထွေမန်နေဂျာ ဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဌဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း တို့က လှူဒါန်းခြင်းအပေါ် မုနိတာစကား‌ပြန်လည်ပြောကြားသည်။ ၎င်းနောက် ဆေးရုံးသုံးပစ္စည်းများ အားလွှဲပြောင်း ပေးအပ်ရာ မအူပင်ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလွင်က လက်ခံသည်။

ဆက်လက်၍ လှူဒါန်းမှုအပေါ် ဆေးရုံအုပ်ကြီးက ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။ လှူဒါန်းသည့် ဆေးရုံသုံး ပစ္စည်းများ၏ တန်ဖိုးမှာ (၆၃၁)သိန်းဖြစ်ကြောင်း မအူပင်ပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး တာဝန်ရှိသူများထံက သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)