ကံမ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆေးရုံသုံးကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် လူနာစောင့်များ နားနေဆောင် ဆောက်လုပ်လှူဒါန်းမှု အခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပ ပြုလုပ်ရာ ဆရာတော် သံဃာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသကြသည့် လူနာများ အတွက် သွေးစစ်ဓါတ်ခွဲခြင်း ပြုလုပ်နိုင်ရန် အဆင့်မြင့်အော်တို ဓါတ်ခွဲသွေး စစ်ဆေးစက်(၂)မျိုး၊ ကိုဗစ်လူနာများကုသရာတွင် ကျန်းမာရေး ဝန်ထမ်းများအတွက် လေသန့်စင်အသက်ရှုစက်ပါ အကာအကွယ်ဝတ်စုံ(၃)စုံနှင့် လူနာစောင့်များ နားနေဆောင် ဆောက်လုပ် လှူဒါန်းမှုတို့အား အလှူရှင်မိသားစုတို့က ပေးအပ်လှူဒါန်းခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)