ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ် ထိုးနှံပေး

ရွှေပြည်သာ  ဇန်နဝါရီ  ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၁၅)ရပ်ကွက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

  အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ဆေးထိုးသူများ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်ထားခြင်း၊ ဆေးထိုးပြီးသူများ နားနေနိုင်ရန်နေရာများ ထားရှိခြင်းနှင့် ဆေးထိုးသူများအား အစဉ်ပြေချောမွေ့အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း