ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်လမှတစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပုဏ္ဏားကျွန်း  ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)လမှတစ်နှစ် ခွဲအောက်  ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက်(၉) နာရီမှ ညနေ (၃)နာရီအထိ၊ ပုဏ္ဏား ကျွန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်နေ ရာများ၌ စတင်ထိုးနှံပေး လျက်ရှိသည်။           

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ကလေးငယ်များအား အသက်အရွယ်များ အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့်အသည်းရောင်အသားဝါ၊ ဦးနှောက်အမဲရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်ဝမ်း လျှော(ရိုတာ)နှင့် ပိုလီယိုကာကွယ်ဆေးစသည့် ရောဂါကာကွယ်ဆေးများအား ထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို အသက်နှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များအား သတ်မှတ်ရက်ပြည့် သူများကို အလှည့်ကျပုံမှန်(၅)ကြိမ်အထိ၊    ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စုရပ်သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)