ရွှေဘို ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖိနပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရသည်။ ရှေးဦးစွာ ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထိုသင်တန်းကို ကျေးလက်နေ ပြည်သူများအတွက် အိမ်တွင်းစီးပွားရေး ကောင်းမွန်လာပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ မှပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်တန်းသား ၁၅ ဦး၊ သင်တန်းသူ ၁၅ ဦး စုစုပေါင်း(၃၀)ဦးကို စာတွေ့လက်တွေ့ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ထွန်းမြင့်အောင်