ရန်ကင်း ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ(၃)ရက်နေ့မှ စတင်၍ ရပ်ကွက် များအတွင်း သတ်မှတ်နေရာများအလိုက်ကွင်း ဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် မြို့မစာကြည့်တိုက်တွင် ရပ်ကွက်အတွင်းနေ အသက်(၁၆) နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်လဝကဦးစီးမှူး ဦးသိန်းမောင်ဦးဆောင်သော ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် တွေဆုံ၍ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှတိုင်းရင်းသားတိုင်း၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ဆောင်ရွက်ပြီးမှတ်ပုံတင်ကတ်များ ပြည်သူများလက်ဝယ် အရောက်ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မိမိတို့ ရပ်ကွက်အတွင်း အသက်(၁၆)နှစ်နှင့်အထက် ပြည်သူများမှတ်ပုံတင်ကတ်ပြုလုပ် ရန်မကျန်ရှိစေရေးအတွက် လိုက်လံစိစစ်ပြီးစာရင်း ကောက်ယူပေးကြရန် ပြောကြားခဲ့သည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများအား ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်နိုဝင်ဘာ(၃)ရက်နေ့အထိ (၁၈လ) ကြာဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)