Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေး များဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် (၁၀)မြို့နယ် အသက် (၂၅ )နှစ်အောက် အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jan 12,2022
၂၀၂၂ခု နှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် YP စက်သုံးဆီအရောင်းဆိုင်တွင် အထူးစျေးနှုန်းများဖြင့် ဒီဇယ်ဖြန့်ဖြူးရောင်းချ ပေးလျှက်ရှိ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ YP စက်သုံးဆီအရောင်းဆိုင်တွင် အထူးစျေးနှုန်းများဖြင့် ဒီဇယ်များဖြန့်ဖြူးရောင်းချပေးလျှက် ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလွှဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးလျှက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီ၌ စုရပ်(၄)နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက်တို့ရှိ ဝန်ထမ်း အိမ်ရာများတွင် ပွင့်လင်းရာသီရောက်ရှိသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း…
Jan 12,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် (၉:၀၀) နာရီအချိန်က ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ကြီးကြပ် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့နံနက် (၁၀)နာရီအချိန် လူမှုဝန်ထမ်းဦးစီး ဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်း ကျောင်း၊ သော်ကဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် ကော်ဖီစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ကော်ဖီစိုက် ဧက ၇၀၀ ကျော်ရှိပြီး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းကာ ကော်ဖီသီးများ ခူးဆွတ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23060
Page
23061
Page
23062
Page
23063
Current page
23064
Page
23065
Page
23066
Page
23067
Page
23068
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department