အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့တန်ထမ်းများ၊ သံဃာတော်နှင့် သာသနာ့အနွယ်ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ စသဖြင့် ဦးစားပေးအစီအစဉ်အဖြင့် (တတိယ)နေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများတွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
Aug 03,2021
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများအား ရောဂါကာကွယ်ရေး ၊ ရောဂါ မပြန့်ပွား စေရေးများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား အသိပညာပေးသင်တန်း အပတ်စဉ်(၁) နှင့်(၂) တို့ကို ကျန်းမာရေးဦးစီးဌာန နှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁ ရက်နေ့ မှ ၂ ရက်နေ့တို့တွင် စေတနာ့ ဝန်ထမ်း(၁၁၆) ဦးတို့အား Online ဖြင့် သက်ဆိုင်ဘာသာရပ်များအလိုက် ပို့ချပေးခဲ့သည်။
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက်ရှိသည့် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဩဂုတ်လ(၃) ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစ၍ ကသာမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း နှင့် မြို့တော်ခန်းမနေရာများ၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 03,2021
ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဆေးရုံများ၌  ၁-၈-၂၀၂၁ ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများနှင့် ၎င်းတို့နှင့်ထိတွေ့ ဆက်ဆပ်သူ(၅၆) ဦးတို့အား    Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၂) ဦး ၊  လိုခါးလို အထက Positive Medical Centre တွင် (၂၃) ဦး ထားရှိကုသပေးလျက်ရှိသည်။
Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၅/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Aug 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ Quarantine Center များနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။