ပြင်ဦးလွင် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ပြီး ရပ်ကွက်ကြီး ( ၁ ) ရှိ ချယ်ရီခန်းမဆောင်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၆ ) ၊ ရပ်ကွက်ကြီး ( ၇ ) ၊ ရပ်ကွက်ကြီး ( ၁၉ )နှင့် ရပ်ကွက်ကြီး ( ၂၀ ) တို့ရှိ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံရသေးသည့် အသက် ( ၁၈ )နှစ်နှင့်အထက် ပြည်သူမျာအား ကာကွယ်ဆေးထိုး စုရပ်များအဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ လူဦးရေ ( ၁၀၀၀ )ဦးကျော်ခန့်အား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)