အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ ဇ/တောင်ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကယား ပြည်နယ်မှ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်ကြက်ခြေနီမှ လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် (၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင် ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Jan 14,2022
ကျောင်းသားကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က အုတ်ဖိုကျောင်းဝန်း အတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးကာ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
Jan 14,2022
“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာအုပ်စု-ကျေးရွာခွဲ(၈)ရွာမှ ဒေသခံပြည်သူများအား တောင်ဘိန်း (၁)ရွာ စိန်မိုင်ကယ်ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ ဒုတိယရက်အဖြစ် ယမန်နေ့က ဆက်လက်၍ ကွင်းဆင်းပြုလုပ်ပေးကြကြောင်း သိရှိရသည်။
Jan 14,2022
 တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံရန် ကျန်ရှိနေပြီး ကာလသတ်မှတ်ချက်နှင့် အကျုံးဝင်သော (ဒုတိယ)အကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဆရာ/မ များက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jan 14,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း ​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၅ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6)ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၅၀၅) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Jan 14,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့် အညီ နိုင်ငံသားတိုင်း ကိုင်ဆောင် နိုင်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆) ရပ်ကွက်ဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော် ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။