ဝါးခယ်မ ဇန်နဝါရီ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၈)နာရီက တံတားကြီးနှင့် ကံသာကုန်း ကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ တံတားကြီးနှင့် ကံသာကုန်းကျေးရွာရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၆)ဦး၊ အသက်(၁၈)နှစ်ပြည့် (၁၆)ဦး၊ လဲလှယ် (၇၇)ဦး၊ မိတ္တူ (၆)ဦး၊ စုစုပေါင်း (၁၁၅)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၄၃၈)စု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး