အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီးအဝင် သန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ‌ကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ‌နေ ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ဇန်နဝါရီလ ၁၃ ရက်နေ့က ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၊ အပိုင်း (၄)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ညောင်ဦးမြို့၊ တုရင်တောင်တန်းကျေးရွာများနှင့် ငါ့သရောက်မြို့ ပုပ္ပားတောစပ်ကျေးရွာများ၊ ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီပေါ်သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အဖူး ရှာဖွေခူးဆွတ် လုပ်ကိုင်ရောင်းချ လုပ်ကိုင်စားသောက်နေ သည့် ကျေးလက်နေပြည်သူများ တမာဖူး၊ တမာရွက် စတင်ပေါ်ချိန်ခူးဆွတ်ရောင်းချဖြင့် မိသားစုစားဝတ်နေရေး တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးနေကြ ကြောင်း တမာဖူး ခူးယူရောင်းချနေသူများထံက သိရသည်။
Jan 14,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် နေကြာစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ သည်။
Jan 14,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
Jan 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောပြားကျေးရွာတွင် တောပြားဆည်ရေဖြင့် ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နေကြာ အစရှိသည့် စိုက်ပျိုးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။