မူဆယ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ် ဒေသနေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရေး တို့အတွက် (Sinovac) ဆေးလုံးရေ ငါးသောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူမှ ယမန်နေ့ နံနက်ပိုင်းက မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်သော နန်းတော်ဂိတ်တွင် မူဆယ် ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဆေးရုံ အုပ်ကြီး ဒေါက်တာဟန်နိုင်စိုးတို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆေးလုံးရေ ငါးသောင်းအနက်မှ မူဆယ်နှင့် နမ့်ခမ်းဒေသရှိ ဒေသခံပြည်သူ လူဦးရေ (၁၅၀၀၀)အတွက် ဆေးလုံးရေ(၇၅၀၀)လုံးအား ထုတ်ယူ၍ မူဆယ်မြို့ပြည်သူ့ဆေးရုံ၏ အအေးခန်း အတွင်း၌ စနစ်တကျ သိုလှောင်ထားရှိကာ ကျန်ရှိဆေးလုံးရေ (၄၂၅၀၀)နှင့် ဆေးထိုးအပ် (၁၈၅၀၀၀) ချောင်းကို အအေးခန်းကားဖြင့် စနစ်တကျ ထုပ်ပိုးကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ နေ့ချင်းဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)