အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများနှင့် စေတနာ့ ၀န်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဖယ်ခုံ မြို့နယ် ခန်းမနှင့် မိုးဗြဲအမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်
Aug 02,2021
န်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်၊ဆိပ်ကမ်းမြို့နယ်၊ကနောင်ခန်းမ၌(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများနှင့် ကျန်းမာရေးလုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်နေသည့် စေတနာရှင်volunteer များကို ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရသည်။
Aug 02,2021
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Aug 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက် စုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉  နာရီမှစတင်၍ စုရပ် ၃ ခုတွင် ကာကွယ်ဆေးထိုးပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 02,2021
ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တောင်ပိုင်း ခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယမန်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။
Aug 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများပရဟိတခန်းမ၌ ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့များအား လူမျိုးမရွေးဘာသာမရွေး ယမန်နေ့ နေ့လည်ပိုင်းမှစ၍  အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။