ချောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဓါတ်ပုံဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကျန်းမာရေး အသိပညာပေးပိုစတာနှင့် စာစောင်များ အား ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာစာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်များတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ဖြစ်သည့် နိုင်ငံရေးဦးတည်ချက်(၃)ရပ်၊ စီးပွားရေးဦးတည်ချက်(၃)ရပ်၊ လူမှုရေးဦး တည်ချက် (၃)ရပ်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်မှတ် တမ်းဓါတ်ပုံများ ပါဝင်သော ဗီနိုင်းနံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကျန်းမာပေး အသိပညာပေးပိုစတာနှင့် စာစောင်များ၊ ဒေသဆိုင်ရာ သတင်းအချက်အလက် များအားအများ ပြည်သူလမ်းသွားလမ်းလာများနှင့် စာကြည့်တိုက် သို့လာရောက်သည့် စာဖတ်ပရိတ်သတ်ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှု့နိုင် ရေးပြသဆောင်ရွက် ထားကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)