ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နတ်တလင်း ဇန်နဝါရီ  ၁၄

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေ၀င်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်‌နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် မြို့မရပ်ကွက် တာပွန်လမ်းကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ သာဇီရပ်ကွက်၊ ဦးဘသန်း ကျောင်းလမ်းရှိ အ.မ.ကကျောင်းအား ၀င်ရောက်ကြည့်ရှုခဲ့ပြီးနောက် နတ်တလင်းမြို့ ကံသာအုပ်စု၊ ဇီးတောကျေးရွာ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ မြို့နယ်ပြည်သူ့ဆေးရုံ ဆောက်လုပ်မည့်‌နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဝေယံဖြိုး