ရေကြည်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ရေကြည်   ဇန်နဝါရီ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပေးခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အရှိန်အဟုန်မပျက် နှိုးဆော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ နှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်း၊ သတိပေးခြင်းများကို နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အပြည့်အဝ ထိုးနှံမှုခံယူရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ် ကြရန်၊ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာခြင်းဖြင့် အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှိုးဆော်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)